“ကမ္ဘာမြေနေ့” သဘောထားထုတ်ပြန်ချက်
ယနေ့ ဧပြီလ ၂၂ ရက်နေ့သည် (၅၅) ကြိမ်မြောက် ကမ္ဘာမြေနေ့ဖြစ်သည်။ ယနေ့ကျရောက်သည့် ကမ္ဘာမြေနေ့ကို ကျွန်ုပ်တို့အဖွဲ့အစည်း “Kachin Environment Group – KEG” မှ ဝမ်းမြောက်ဝမ်းသာစွာ ကြိုဆိုပါသည်။ လူသားတိုင်းသည် မိမိကမ္ဘာမြေကို သာယာလှပစေရန်၊ လွတ်လပ်စွာ ထိန်းသိမ်းခွင့်နှင့် ကာကွယ်ခွင့် အပြည်အဝရှိသည်ဟု ခံယူပါသည်။ မိမိတို့နိုင်ငံ၌ ကြောက်မက်ဖွယ် သဘာဝဘေးအန္တာရယ်များသည် နေ့စဉ်နေ့တိုင်း တွေ့ကြုံနေရသည်။ ထိုသဘာဝဘေးဒဏ်အန္တာရယ်များကြောင့် ပြည်သူများ သေဆုံးခြင်းနှင့် သဘာဝဘေးအာန္တာရယ်များ ဖြစ်ပေါ်နေသောကြောင့် ဝမ်းနည်းပူဆွေးကြရပါသည်။
မိမိတို့ဒေသသည် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းရေးအတွက် လျစ်လျူရှုခံထားရပြီး၊ မြေရှားသဘာဝသတ္တုများကို အလွန်အကျွံတူးဖော်ခြင်းနှင့် မြစ်ရိုးတစ်လျှောက်တွင် ရွေးတူးဖော်ခြင်းများကြောင့် ဧရာဝတီမြစ် အဆိပ်သင့်သည့် ရေဖြစ်လာနိုင်ပါသည်။ ထို့အပြင် ကျောက်စိမ်းတူးဖော်ခြင်းနှင့် သစ်ထုတ်မှုများကို အလွန်အကျွံပြုလုပ်ခြင်းစသည့် စည်းမဲ့ကမ်းမဲ့ လုပ်ငန်းများကြောင့် ရာသီဥတုဖောက်ပြန်မှုများ ဖြစ်ပေါ်လာခြင်းနှင့် ရေကြီးမှုနှင့် မြေပြိုမှုကြောင့် ပြည်သူလူထုများ ထိခိုက်ဒဏ်ရာရရှိခြင်းနှင့် သေဆုံးမှုများရှိခြင်း၊ တောရိုင်းတိရစ္ဆာန်များ ရှာပါလာခြင်း၊ မြေဆီလွှာပျက်စီးမှုများနှင့် မြေ၊ ရေအရည်အသွေး ထိခိုက်ပျက်စီးမှုများ အလွန်မြင့်မားစွာ ဖြစ်ပေါ်နေပါသည်။
ထို့ကြောင့် ကမ္ဘာမြေနေ့၏ ဆောင်ပုဒ်ဖြစ်သည့်
“ငါတို့ရဲ့စွမ်းအား၊ ငါတို့ကမ္ဘာ” ဟုဆိုသည့် ဆောင်ပုဒ်နှင့်အညီ ကျွန်ုပ်တို့နယ်မြေကို သဘာဝပတ်ဝန်းကျင်နှင့် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ထိန်းသိမ်းရန်၊ သာယာလှပစေရန်နှင့် မျိုးဆက်သစ်များအတွက် သဘာဝဘေးဒဏ်အန္တရာယ်များမှ ကင်းဝေးစေရန် အကျိုးသက်ရောက်သည့် မူဝါဒများကို အမြန်ဆုံး ဆုံးဖြတ်ကျင့်သုံးလာစေရန် (၅၅) ကြိမ်မြောက် “ကမ္ဘာမြေနေ့”တွင် မိမိတို့အဖွဲ့အစည်း “Kachin Environment Group – KEG”မှ သဘောထားထုတ်ပြန်လိုက်ပါသည်။
