အရှေ့တောင်အာရှ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ နယ်မြေနိပ်ထိပ်စပ်နေသည့် (25.626785, 98.380339) ကချင်ပြည်နယ်ကို အထူးဒေသများ သတ်မှတ်ကာ ပြည်သူ့စစ်လက်နက်ကိုင်များ အုပ်ချုပ်မှုအောက်မှ ဖွဲ့စည်းထားသော ကုမ္မဏီဖြစ်သည့် ဦးဇခုန်တိ့န်ယိန်း၏ သား ဦးယိန်ဆောင် ဦးဆောင်သည့် ဆန်လင်းကုမ္ပဏီနှင့် သခင်စစ်ကုမ္ပဏီလည်း အတူလက်တွဲ၍ တရုတ်နိုင်ငံခြားသားများနှင့်အတူ ကိုယ်ကျိုးစီးပွားရေးဖြင့် ၂၀၁၀ ခုနှစ်မှ စတင်၍ ကချင်ပြည်နယ်အတွင်း တရားမဝင် မြေရှားသတ္တုတူးဖော်မှု အလွန်းအကျူး လုပ်ဆောင်လာခဲ့ပါသည်။ ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် (25.887547, 98.127160)၊ ပန်ဝါဒေသတွင် တရုတ်နိုင်ငံခြားသားများသည် တရားမဝင်ရောက်ရှိလာပြီး ပြည်သူ့စစ်၏ ထိန်းချုပ်မှုအောက်တွင် သဘာဝအရင်းအမြစ်များကို လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်နေလျှက်ရှိပါသည်။


ပြည်သူ့စစ် ဥက္ကဌ ဦးဘောမ်လန်းသည် ဦးဇခုန်တိ့န်ယိန်းနှင့် အကျိုးတူး စီးပွားရေးဖြင့် မြေရှားသတ္တုတူးဖော်မှု လုပ်ငန်းတွင် ပါဝင်လုပ်ဆောင်နေပါသည်။

မြေရှားသတ္တုတူးဖော်မှုမှ ရရှိလာသော ဝင်ငွေများဖြင့် နိုင်ငံရေးပါတီနှင့် Hotel များ စသည့် လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုရှိပါသည်။ New Democracy Party (Kachin) ၏ ဥက္ကဌ ဦးတိန့်ခေါ (Ting Hkaw)၊ အတွင်းရေးမှူး ဦးယိန်းဆောင် (Ying Sau) (ဦးဇခုန်တိ့န်ယိန်း၏သား) ဦးဆောင်သည့် နိုင်ငံရေးပါတီနှင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြစ်ကြီးနား တက္ကသိုလ်အနောက်ဘက် ရှိသော Chan Yin Hku Hotel သည် ၄င်းမြေရှားသတ္တုတူးဖော်မှုမှ ရရှိသော ဝင်ငွေများဖြင့် ရင်းနှီးမြှုပ်နှံထားပါသည်။ ဦးဇခုန်တိ့န်ယိန်းသည် မြန်မာနိုင်ငံ၏ သန်းကြွယ်သူဌေးအဆင့် (၁) မှ (၁၀) ထိ ရှိသည့် လက်နက်ကိုင် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါသည်။ လက်ရှိ အာဏာသိမ်းစစ်ကောင်စီ ခန့်အပ်ထားသည့် ကချင်ပြည်နယ် သဘာဝသယံဇာတရေးရာဝန်းကြီး ဦးတိန့်ဆောင်သည် New Democracy Party (Kachin) ပါတီ၏ CEC အဖွဲ့ဝင်တစ်ဦးဖြစ်ပါသည်။


“တရုတ်နိုင်ငံခြားသားများသည် ဒေသခံအမျိုးသမီးများကို လိင်ဖျော်ဖြေရေးတွင် အသုံးချနေပါသည်” ကချင်ပတ်ဝန်းကျင်ရေးရာ (KEG) အဖွဲ့၏ သုတေသနအရ သိရှိရသည်။ ထို့နောက် ၄င်းတရုတ်နိုင်ငံခြားသားများသည် အလုပ်သမားများကို လုပ်ငန်းခွင်အတွင်း မတရားစေခိုင်းခြင်း၊ ရသင့်ရထိုက်သည့် လုပ်အားခ ကြေးငွေများ မပေးခြင်း စသည့်လူ့အခွင့်အရေး ချိုးဖောက်မှု ခံနေရပါသည်၊။ ကချင်ပတ်ဝန်းကျင်ရေးရာ (KEG) အဖွဲ့၏ တာဝန်ရှိသူ့တစ်ဦးပြောဆိုတာက “တရုတ်နိုင်ငံခြားသားများသည် အလုပ်သမားများကို မတရားစေခိုင်းခြင်းနှင့် အမျိုးသမီးများကို လိင်ဖျော်ဖြေရေးတွင် အသုံးချနေခြင်းသည် ပြည်သူလူထုများ၏ အခွင့်အရေးကို ချိုးဖောက်လိုက်ခြင်းဖြစ်ပါတယ်… လူ့အခွင့်အရေးချိုးဖောက်နေသည့် ကုမ္ပဏီများနှင့် ပုဂ္ဂိုလ်များကို ထိရောက်စွာ အရေယူဆောင်ရွက်သင်ပါတယ်။”

၄င်းမြေရှားသတ္တုတူးဖော်မှု လုပ်ဆောင်နေသည့် ပန်ဝါဒေသတွင် လူမျိုးခွဲခြားဆက်ဆံခြင်း၊ မတရားဖမ်းဆီး၍ ထောင်ချခြင်းနှင့် ငွေဒဏ်ပေးဆောင်ခိုင်းခြင်း စသည့် လုပ်ရပ်များ လုပ်ဆောင်နေသည်။
မြေရှားသတ္တုများကို ကချင်ပြည်နယ်၊ တရုတ်နယ်စပ်ဖြစ်သည့် ကန်ပိုင်တီဂိတ် (25.403841, 98.115880) နှင့် ပါဝါဂိတ် (25.599144, 98.377662)များမှ တရုတ်နိုင်ငံသို့ ၉၉ ရာခိုင်နှုန်း သင်ပို့နေပါသည်။ ပြည်သူ့စစ်ခေါင်းဆောင်ဟောင် ဦးဇခုန်းတိန့်ယိန်း၏ သမီးအကြီး ဒေါ်ယိန်းမျော်သည် မြစ်ကြီးနားမြို့တွင် မြစ်ကြီးနားအိမ်ခြံမြေရောင်းဝယ်ရေး ပြုလုပ်နေပါသည်။


“ဒေါ်ယိန်းမျှော်၏ စီးပွားရေးလုပ်ဆောင်နေသည့် လုပ်ငန်းများ၏ အဓိကဝင်ငွေဖြစ်သော မြေရှားသတ္တုမှ ရရှိလာသော ငွေကြေးများနဲ့ မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တွင် မြေနေရာများစွာ ဝယ်ယူနေသည်။ ထို့အပြင် ဝိုင်းမော်မြို့ တွင်ရှိသော ဝိုင်းမော် ဓာတ်ဆီးဆိုင်သည် မြေရှားသတ္တုမှ ရရှိလာသော ငွေးကြေးဖြင့် တည်ထောင်ထားပါသည်။” KEG ၏ သုတေသနအရ သိရှိရသည်။