အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်နေ့ ထုတ်ပြန်ချက်
စာ အ မှ တ် ။ ။ ၀ ၀ ၂ / ၂ ၀ ၂ ၄
ရက်စွဲ။ ။ (၅) ရက်နေ့၊ ဇွန်လ၊ ၂၀၂၄ ခုနှစ်
ယနေ့သည် အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်နေ့ဖြစ်သည်။ မိမိတို့ဒေသတွင် ပြည်တွင်းစစ်ကြောင့် နှစ်ပေါင်းများစွာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန် မူဝါဒများကို ထိရောက်စွာ လုပ်ဆောင်မှုမရှိသောကြောင့် ကျွနိုပ်တို့၏ နယ်မြေသည် သဘာပတ်ဝန်းကျင်ဘေးအန္တာရယ် ခြိမ်ခြောက်မှုများ ဖြစ်ပေါ်လာနေပါသည်။ မိမိတို့ဒေသသည် သဘာဝပတ်ဝန်းကျင်ကို ကာကွယ် ရှောက်စောင့်ရမည့် တာဝန်ကို လျစ်လျူရှုကာ စစ်ကောင်စီ၏ ကိုယ်ကျိုးရှာစီးပွားရေးသမားများနှင့် တရုတ်လုပ်ငန်းရှင်ကြီးများမှ ပူးပေါင်းကာ သဘာဝသယံဇာတတူးဖော်မှုကို အလွန်အကျူးတူး ဖော်နေပါသည်။ ထို့သို့ သဘာဝသယံဇတ တူးဖော်ခြင်းကြောင်း သစ်တောပြုန်းတီးလာသဖြင့် ရာသီဥတု ပြောင်းလဲမှုများ ဖြစ်နေပါသည်။ ထို့အပြင် မြေဆီလွှာများသည် ခြောက်သွေခြင်း၊ အဆိတ်သင့်ခြင်း၊ လေထုညစ်ညမ်းခြင်းနှင့် ရေများသန့်စင်မှု မရှိလာခြင်းအပေါ် ယခုနှစ် “အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်နေ့” ဆောင်ပုဒ်နှင့်အညီ မိမိတို့နယ်မြေကို ပြန်လည်ကောင်မွန်လာအောင် လုပ်ဆောင်ရမည်ဖြစ်သည်။
ထို့ကြောင့် သဘာဝပတ်ဝန်းကျင် ဘေးအန္တာရယ် တွေ့ကြုံခံရစားမှုနှင့် ခြိမ်ခြောက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကျွနိုပ်တို့ နေထိုင်သော ကမ္ဘာကြီးစိမ်းလန်းစိုပြေရန်အတွက် ပြည်သူ လူထုများအားလုံးအတူတကွ ပူးပေါင်းဆောင်ရွက်ကြရန် ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်နေ့တွင် “ကချင်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး အဖွဲ့”မှ သဘောထားထုတ်ပြန် လိုက်ပါသည်။
For more information:
– Seng Ni
– M. Hkawn Htoi
Signal Number: (+66) 992209330
kachinenvironmentalgroup@gmail.com

PDF file download: here