(၅၄) နှစ်မြောက် “ကမ္ဘာမြေနေ့” အပေါ် သဘောထားထုတ်ပြန်ချက်
၁၉၇၀ ခုနှစ်၊ ဧပြီလ၊ (၂၂) ရက်နေ့မှ စတင်၍ “ကမ္ဘာမြေနေ့” အဖြစ် ကျင်ပခဲ့သည်မှာ ယနေ့သည် (၅၄) နှစ်မြောက် နေ့ဖြစ်ပါသည်။
မိမိတို့နိုင်ငံသည် နှစ်ပေါင်းများစွာ ပြည်တွင်းစစ်ကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရန် ခေတ်အဆက်ဆက်ပျက်ကွက်ခဲ့ပါသည်။ ကချင်ပြည်နယ်အတွင်း သဘာဝ အရင်းအမြစ်များဖြစ်သော ရွှေးတူးဖော်ခြင်း၊ ကျောက်စိမ်းတူးဖော်ခြင်းနှင့် သဘာဝသတ္တု (Rare earth) တူးဖော်ခြင်းနှင့် တရုတ်တစ်ရှူးဌက်ပျောစိုက်ပျိုးမှုကြောင့် သစ်တောပြုန်းတီးခြင်း၊ မြစ်ချောင်း အင်းအိုင်းများ ပျက်ဆီးခြင်းနှင့် မြေဆီလွှာများ ပျက်ဆီးမှုနှင့်အတူ သဘာဝပတ်ဝန်းကျင် ပျက်ဆီးမှုများ ပိုမိုမြင့်တက်လာနေသည်။

ယနေ့ကျရောက်သည့် (၅၄) နှစ်မြောက် “ကမ္ဘာမြေနေ့”တွင် သဘာဝပတ်ဝန်းကို ကာကွယ် ထိန်းသိမ်းရန်နှင့် သဘာဝဘေးအန္တရာယ်များမှ လျှော့ချနိုင်ရန် ပြည်သူလူထုများအားလုံး အတူအကွ ပူးပေါင်း ဆောင်သွားကြရန် မိမိတို့အဖွဲ့အစည်းမှ သဘောထားထုတ်ပြန်လိုက်ပါသည်။