Kachin Environmental Group

ဖားကန့်မြို့နယ်၊ မနမှော် ရေနွံကန်ပေါက်မှုကြောင့် လူပေါင်းမြောက်များစွာ သေဆုံးမှုအပေါ် ပူးတွဲ သဘောထားထုတ်ပြန်ချက်

ရက်စွဲ။ ။ (၁၂) ရက်နေ့ ၊ မတ်လ၊ ၂၀၂၄ ခုနှစ် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မနမှော်နေရာတွင် ၂၀၂၄ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့ မနက် ၄ နာရီခန့် အချိန်တွင် ရေနွံကန်ပေါက်မှုကြောင့် ကားများနှင့် စက်ကြီးများနှင့် အတူ လူပေါင်းမြောက်များစွာ သေဆုံးခဲ့သည်။ ၄င်းသေဆုံးခဲ့ရသည့် မိသားစုများနှင့် ထပ်တူဝမ်းနည်း ကြေကွဲမိပါသည်။ဤကဲ့သို့ ပြည်သူများ သေဆုံးရသည်မှာ ကုမ္ပဏီများ၏ စနစ်တကျ လုပ်ဆောင်မှု မရှိ၍ ရေနွံကန်ပေါက်ကွဲ၍ လူဦးရေးမြောက်များစွာ သေဆုံးနေရခြင်းဖြစ်ပါသည်။ ထိုကြောင့်…