
ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မြစ်ကြီးမြို့ရှိ ရပ်ကွက်အချို့ ပြောင်းရွှေ့တိမ်းရှောက်နေရ
Kachin Environmental Group Date: 30, May, 2024 ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အနီး ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မြစ်ကြီးနားမြို့အတွင်းရှိ ရပ်ကွက်အချို့ ရေဝင်ရောက်လာသဖြင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်နေရသည်။ ယခုအချိန်တွင် လယ်ကုန်းရပ်ကွက်၊ ရမ်ပူရပ်ကွက်နှင့် ကြက်ပေါင်ခြံရပ်ကွက်တို့တွင် မြစ်ရေဝင်ရောက်မှုကြောင့် ၄င်းရပ်ကွက်များရှိ ပြည်သူလူထုများသည် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရပါသည်။ ထို့အပြင် ကချင်ပြည်နယ်၊ ချီဖွေမြို့ရှိ ဒေသအချို့တွင်လည်း ရေကြီးရေလျှံဖြစ်သောကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့တိမ်းရှောင်နေရသည်။