Kachin Environmental Group

ဧရာဝတီမြစ်တစ်လျှောက် တရားမဝင် ရွှေတူးဖော်မှု မြင့်တက်လာ

လက်ရှိတွင် ဧရာဝတီမြစ်ကမ်းတစ်လျှောက်၌ တရားမဝင်ရွှေတူးဖော်မှုများ ပိုမိုတိုးမြင့်လာပြီး သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံပြည်သူများအတွက် ပြင်းထန်သော ခြိမ်းခြောက်မှုအဖြစ် ဖြစ်ပေါ်နေပါသည်။ မြစ်ရေကို မှီခိုနေသူများသည် အခက်အခဲများ များပြားစွာ ကြုံတွေ့လာနေရသည်။ စည်းကမ်းမဲ့ရွှေတူးဖော်မှုလုပ်ငန်းများကြောင့် မြစ်ရေသည် အလွန်ညစ်ညမ်းလာပြီး ရွှံ့ရေဖြစ်လာနေပါသည်။ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းတွင် ကချင်ပြည်နယ်ရှိ မြစ်များနှင့် ချောင်းများ၌ ရွှေတူးဖော်လုပ်ငန်းများ ကျယ်ပြန့်လာ‌နေခြင်း ဖြစ်သည်။မြန်မာနိုင်ငံ၏ အရေးကြီးဆုံး သဘာဝသယံဇာတများထဲမှ တစ်ခုဖြစ်သည့် ဧရာဝတီမြစ်ကို ထိန်းသိမ်းကာကွယ်ရန်နှင့် ၎င်းအပေါ် မှီခိုနေသူများ၏ အသက်မွေးဝမ်းကြောင်းဆိုင်ရာ အခွင့်အရေးများကို ကာကွယ်ရန် ချက်ချင်းအရေးယူဆောင်ရွက်ရန် လိုအပ်နေပါသည်။