
မလိခမြစ် သဘာဝပျက်စီးမှု ရွှေဗရမ်းဗတာ တူးဖော်မှုကြောင့်
May 28, 2025 ကချင်ပြည်နယ်၊ မလိခမြစ်တစ်တစ်ကျော တည်ရှိသော တယန်ဇွပ် (Tiyang Zup) ကျေးရွာအနီး၌ ရွှေတူးဖော်ရေး လုပ်ငန်းများသည် ပိုမိုလုပ်ဆောင်လာပါသည်။ အဆိုပါ ရွှေတူးဖော်နေသည့် နေရာများတွင် မလိခမြစ်အတွင်းသို့ စက်ကြီးများဖြင့် ဆက်လက်တူးဖော်နေဆဲဖြစ်ပါသည်။ ရွှေဗရမ်းဗတာ တူးဖော်မှုကြောင့် မလိခမြစ်သည် ရွှံ့အရောင်ဖြစ်ပေါ်နေသည်ကို တယန်ဇွပ် (Tiyang Zup) ကျေးရွာမှ တွေ့ရှိရပါသည်။ ဤကဲ့သို့ မလိခမြစ်တွင် စက်ကြီးများဖြင့် ရွှေဗရမ်းဗတာ တူးဖော်မှုများ ဆောင်ရွက်နေခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု ဖြစ်ပေါ်နေသော်လည်း မည်သည့် ကုမ္ပဏီ သို့မဟုတ်…