Kachin Environmental Group

ဦးရယ်ဒမ်းတန် (ဦးအတန်) ပြည်သူ့စစ်နှင့် ဧရာဝတီမြစ်ဖျား ရေဝေရေလဲ သဘာဝပတ်ဝန်းကျင် ဖျက်ဆီးခြင်း

ကချင်ပြည်နယ်မြောက်ပိုင်း၊ ပူတာအိုခရိုင် ခေါင်းလန်းဖူးဒေသတွင်  သောင်းကျန်သူ ဆန့်ကျင်ရေးတပ်ဖွဲ့ ပြည်သူ့စစ် လက်နက်ကိုင်တပ်ဖွဲ့ကို အာဏာရှင်ဗိုလ်ချုပ်ဟောင်းဦးအုန်းမြင့်မှ အုပ်ချုပ်ခွင့်ပေးထားသည့် နယ်မြေဟု သတ်မှတ်ကာ ဦးရယ်ဒမ်းတန် သည် နှစ်ပေါင်း ၂၀ ခန့် လွမ်းမိုး၍ အုပ်ချုပ်နေသည့် ဒေသတစ်ခုဖြစ်ပါသည်။ သောင်းကျန်သူ ဆန့်ကျင်ရေးတပ်ဖွဲ့သည် ၂၀၀၉ ခုနှစ်မှ စတင်ဖွဲ့စည်းလာ၍ ၄င်းပြည်သူ့စစ်အင်းအား ၃၀၀ ခန့် ရှိပါသည်။

ဦးရယ်ဒမ်းတန်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်လောင်းအဖြစ် ၂၀၁၀ ခုနှစ်တွင် ပူတာအိုခရိုင်ကိုယ်စားပြု အမျိုးသားလွတ်တော်အမတ် ယှဉ်ပြိုင်ခဲ့ရာ  အနိုင်ရခဲ့ခြင်း မရှိခဲ့ပါ။ ၂၀၂၀ နောင်မွန်မြို့နယ်ကိုယ်စားပြု ပြည်သူ့လွတ်တော်အမတ်နေရာကို အနိုင်ရရှိခဲ့သူ တစ်ဦးဖြစ်ပါသည်။ သောင်းကျန်သူ ဆန့်ကျင်ရေးတပ်ဖွဲ့ ပြည်သူ့စစ် ခေါင်းဆောင် ဦးရယ်ဒမ်းတန်  သည် Snow Land Travels and Tours Co., Ltd လုပ်ငန်းကို ဦးဆောင်နေသူဖြစ်သည်။ ထို့အပြင် လပြည့်ဝန်ကုမ္မဏီနှင့် ကျောက်စိမ်ရောင်းဝယ်ရေးလုပ်ငန်း ကိုလည်း ဦးဆောင်နေသူဖြစ်ပါသည်။

ကချင်ပြည်နယ် ပူတာအိုခရိုင် ဒေသများရှိ သဘာဝသယံဇာတများကို နှစ်ပေါင်းများစွာ ထိန်းသိမ်းခဲ့သည့် နေရာဖြစ်ပါသည်။ သောင်းကျန်သူ ဆန့်ကျင်ရေးတပ်ဖွဲ့ ပြည်သူ့စစ်ခေါင်းဆောင် ဦးရယ်ဒမ်းတန်သည် ၂၀၀၈ ခုနှစ်မှ စတင်၍ ၄င်းဒေသမှ ရှာပါးသစ်ကြီးများကို တရုတ်နိုင်ငံသို့ နှစ်စဉ်နှစ်တိုင်း မတရားသင်ပို့ရောင်းချနေမှုကို ဦးဆောင်သည့်  ဦးရယ်ဒမ်းတန် (သောင်းကျန်သူ ဆန့်ကျင်ရေးတပ်ဖွဲ့ ပြည်သူ့စစ်တပ်ဖွဲ့) ဖြစ်ပါသည်။ ထိုသို့ သဘာဝအရင်းအမြစ်များကို နှစ်စဉ်နှစ်တိုင်း အလွန်းအကျူးထုတ်မှုကြောင့် ဌာနေတိုင်းရင်သားများ၏ ဒေသများ သာမက နေရာဒေသအနှံ့အပြားတွင် ရာသီဉတုပြောင်းလဲမှုကို ရင်းဆိုင်ကြုံတွေ့နေရပါသည်။

ထိုသို့ သဘာဝအရင်းအမြစ်များကို နှစ်စဉ်နှစ်တိုင်း အလွန်းအကျူးထုတ်မှုကြောင့် ဌာနေတိုင်းရင်သားများ၏ ဒေသများ သာမက နေရာဒေသအနှံ့အပြားတွင် ရာသီဉတုပြောင်းလဲမှုကို ရင်းဆိုင်ကြုံတွေ့နေရပါသည်။