ဦးဇခုန်တိန့်ယိန်းထိန်းချုပ်နယ်မြေ ကချင်အထူးဒေသ (၁)တွင်
မြေရှားသတ္တုလုပ်ကွက် မြေပြိုကျမှုအပေါ် သဘောထားထုတ်ပြန်ချက်
စာ အ မှ တ် ။ ။ ၀ ၀ ၃ / ၂ ၀ ၂ ၄
ရက်စွဲ ။ ။ (၂၀) ရက်နေ့၊ ဇွန်လ၊ ၂၀၂၄ ခုနှစ်
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ပန်ဝါမြို့ ကချင်အထူးဒေသ (၁)တွင် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့ ညသန်းခေါင် ၁၂ နာရီခန့်အချိန် မြေရှားသတ္တုလုပ်ကွက် မြေပြိုကျသောကြောင့် အလုပ်သမား (၃၀) ထက်မနည်း ပျောက်ဆုံးခဲ့ရသည်။ ထို့သို့ မြေပြိုကျမှုကြောင့် ပျောက်ဆုံးသွားသည့် မိသားစုများနှင့် ထပ်တူ ဝမ်းနည်းကြေကွဲမိသည်။
၂၀၂၄ ခုနှစ်တွင် ကချင်ပြည်နယ်အတွင်း မြေရှားသတ္တုတူးဖော်မှုသည် ပိုမိုမြင့်တက်လာပါသည်။ မြေရှားသတ္တုတူးဖော်မှုသည် နည်းစနစ်တကျလုပ်ဆောင်မှုမရှိသဖြင့် ၂၀၂၄ ခုနှစ်တွင် မြေပြိုကျမှုကြောင့် အလုပ်သမားသေဆုံးမှု ပိုမိုများလာပါသည်။ မြေရှားတူးဖော်လုပ်သားများ ကျန်းမာရေးဆိုးရွားစွာထိခိုက်ခြင်းနှင့် အသက်ဆုံးရှုံးရခြင်း၊ သဘာဝပတ်ဝန်းကျင်အလွန်းအကျူး ထိခိုက်ပျက်စီးခြင်း၊ အမျိုးသမီးလုပ်သားများမှ တရုတ်လုပ်ငန်းရှင်များ၏ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများ ခံစားနေရပါသည်။ ထို့ကြောင့် မြေရှားသတ္တုလုပ်ငန်းတူးဖော်မှု အမြန်ဆုံးရပ်တန့်ပေးရန် မိမိတို့အဖွဲ့အစည်း “KEG” မှ သဘောထားထုတ်ပြန်လိုက်ပါသည်။
