မြစ်ကြီးနားမြို့နယ်၊ တန်ဖရဲကျေးရွာ ပြည်သူလူထုများ၏ နယ်မြေများကို ၂၀၂၄ ခုနှစ်၊ ဇွန်လမှ စတင်၍ ရွှေတူးဖော် လုပ်ဆောင်နေပါသည်။ ရွှေတူးဖော်ရေး စီမံကိန်းလုပ်ဆောင်နေသည့် ၄င်းနေရာသည် ဧရာဝတီမြစ်အနီးတွင် တည်ရှိပါသည်။

“ပြည်သူလူထုများသည် ၄င်းရွှေတူးဖော်ရေး စီမံကိန်းကို လုံးဝသဘောမတူသည့်အပြင် ၄င်းရွှေတူးဖော်မှုစီးမံကိန်းကို အမြန်ဆုံးရပ်ဆိုင်ပြီး ထွက်ခွာပေးရန်” လိုလာသည်ကို KEG မှ ကောက်ယူထားသည့် အချက်အလက်မှ သိရှိရသည်။
ဧရာဝတီမြစ်ကမ်းတစ်လျှောက်တွင် ဂျိန်လင်းန့်မြန်မာ ကုမ္မဏီ (Jade Land company) မှ ရွှေးတူးဖော်မှု အလွန်အကျူးတူးဖော်နေသည့် နေရာဖြစ်သည်။
