Skip to main content

Kachin Environmental Group

တန်ဖရဲပြည်သူလူထုများ၏ နယ်မြေများကို ရွှေတူးဖော်ရေး စီမံကိန်းစတင်လာ

မြစ်ကြီးနားမြို့နယ်၊ တန်ဖရဲကျေးရွာ ပြည်သူလူထုများ၏ နယ်မြေများကို ၂၀၂၄ ခုနှစ်၊ ဇွန်လမှ စတင်၍ အမည်မသိ ရွှေတူးဖော်နေသည့် အဖွဲ့မှ လုပ်ဆောင်လာနေပါသည်။

ဦးဇခုန်တိန့်ယိန်းထိန်းချုပ်နယ်မြေ ကချင်အထူးဒေသ (၁)တွင် မြေရှားသတ္တုလုပ်ကွက် မြေပြိုကျမှုအပေါ် သဘောထားထုတ်ပြန်ချက်

ဦးဇခုန်တိန့်ယိန်းထိန်းချုပ်နယ်မြေ ကချင်အထူးဒေသ (၁)တွင်မြေရှားသတ္တုလုပ်ကွက် မြေပြိုကျမှုအပေါ် သဘောထားထုတ်ပြန်ချက်                          စာ အ မှ တ် ။ ။ ၀ ၀ ၃ / ၂ ၀ ၂ ၄                          ရက်စွဲ ။ ။ (၂၀) ရက်‌နေ့၊ ဇွန်လ၊ ၂၀၂၄ ခုနှစ် ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ပန်ဝါမြို့ ကချင်အထူးဒေသ (၁)တွင် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့ ညသန်းခေါင် ၁၂ နာရီခန့်အချိန်…

အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်နေ့ ထုတ်ပြန်ချက်

အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်နေ့ ထုတ်ပြန်ချက် စာ  အ  မှ တ်  ။      ။  ၀  ၀ ၂  /  ၂  ၀  ၂ ၄ ရက်စွဲ။   ။ (၅) ရက်နေ့၊ ဇွန်လ၊ ၂၀၂၄ ခုနှစ် ယနေ့သည် အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်နေ့ဖြစ်သည်။ မိမိတို့ဒေသတွင် ပြည်တွင်းစစ်ကြောင့် နှစ်ပေါင်းများစွာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန် မူဝါဒများကို ထိရောက်စွာ လုပ်ဆောင်မှုမရှိသောကြောင့် ကျွနိုပ်တို့၏ နယ်မြေသည် သဘာပတ်ဝန်းကျင်ဘေးအန္တာရယ် ခြိမ်ခြောက်မှုများ ဖြစ်ပေါ်လာနေပါသည်။ မိမိတို့ဒေသသည်…

ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မြစ်ကြီးမြို့ရှိ ရပ်ကွက်အချို့ ပြောင်းရွှေ့‌တိမ်းရှောက်နေရ

Kachin Environmental Group Date: 30, May, 2024 ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အနီး ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မြစ်ကြီးနားမြို့အတွင်းရှိ ရပ်ကွက်အချို့ ရေဝင်ရောက်လာသဖြင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်နေရသည်။ ယခုအချိန်တွင် လယ်ကုန်းရပ်ကွက်၊ ရမ်ပူရပ်ကွက်နှင့် ကြက်ပေါင်ခြံရပ်ကွက်တို့တွင် မြစ်ရေဝင်ရောက်မှုကြောင့် ၄င်း‌ရပ်ကွက်များရှိ ပြည်သူလူထုများသည် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရပါသည်။ ထို့အပြင် ကချင်ပြည်နယ်၊ ချီဖွေမြို့ရှိ ဒေသအချို့တွင်လည်း ရေကြီးရေလျှံဖြစ်သောကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့တိမ်းရှောင်နေရသည်။

မြစ်ဆုံအထက် ကျွန်းသစ်များနှင့် အခြားသစ်ကြီးများ ထုတ်လုပ်မှု ပိုမိုများပြားလာ

Photos report ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ၊ တန်ဖရဲကျေးရွာ မြစ်ဆုံအထက်တွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီမှ ဧပြီလ အတွင်း ကျွန်းသစ်များနှင့် အခြားသစ်ကြီးများ ထုတ်လုပ်မှု ပိုမိုများပြားလာပါသည်။

မြန်မာတွင် ကျားသစ်ထက်ရှားပြီး အကောင်ရေ ၄၀ ခန့်သာ ကျန်တော့သည့် ငဟစ်ဝမ်းဖြူငှက်ကို ကချင်ပြည်နယ်တွင် မှတ်တမ်းရရှိ

Source copy: Here မြန်မာနိုင်ငံတွင် ကျားသစ်ထက် ရှားပါးပြီး အကောင်ရေ ၄၀ ဝန်းကျင်သာ ကျန်ရှိတော့သည့် ငဟစ်ဝမ်းဖြူ ရှားပါးငှက်မျိုးစိတ်ကို NSCI ခေါ် မြန်မာလူငယ်သုတေသနပညာရှင်အဖွဲ့က မှတ်တမ်းရရှိခဲ့သည်။ Native Species Conservation and Identification in Myanmar ခေါ် မြန်မာနိုင်ငံရှိ ဒေသတွင်းမျိုးစိတ်များ ထိန်းသိမ်းရေးနှင့် ခွဲခြားသတ်မှတ်ရေးအဖွဲ့(NSCI) ၏ တရားဝင်လူမှုကွန်ရက်ပေါ်တွင် ၎င်းငဟစ်ဝမ်းဖြူငှက်၏ ကချင်ပြည်နယ်တွင် တွေ့ရှိရသော မှတ်တမ်းကို ဒေသခံတစ်ဦးက လာရောက်မျှဝေထားခြင်းဖြစ်သည်။ “အဲဒီငဟစ်ဝမ်းဖြူက အဓိကကတော့ ဟိမဝန္တာအရှေ့ပိုင်းမှာ နေတယ်။…