Kachin Environmental Group

ဦးရယ်ဒမ်းတန် (ဦးအတန်) ပြည်သူ့စစ်နှင့် ဧရာဝတီမြစ်ဖျား ရေဝေရေလဲ သဘာဝပတ်ဝန်းကျင် ဖျက်ဆီးခြင်း

ကချင်ပြည်နယ်မြောက်ပိုင်း၊ ပူတာအိုခရိုင် ခေါင်းလန်းဖူးဒေသတွင်  သောင်းကျန်သူ ဆန့်ကျင်ရေးတပ်ဖွဲ့ ပြည်သူ့စစ် လက်နက်ကိုင်တပ်ဖွဲ့ကို အာဏာရှင်ဗိုလ်ချုပ်ဟောင်းဦးအုန်းမြင့်မှ အုပ်ချုပ်ခွင့်ပေးထားသည့် နယ်မြေဟု သတ်မှတ်ကာ ဦးရယ်ဒမ်းတန် သည် နှစ်ပေါင်း ၂၀ ခန့် လွမ်းမိုး၍ အုပ်ချုပ်နေသည့် ဒေသတစ်ခုဖြစ်ပါသည်။

မချမ်းဘော့မြို့ မလိခမြစ်ရိုးတလျောက်ရှိ ကျေးရွာများ မတရား ရွှေးတူးဖော်ခြင်း

စစ်ကောင်စီ နိုင်ငံ၏အာဏာကို မတရား သိမ်းယူပြီးနောက် ကချင်ပြည်နယ်အတွင်း မတရား ရွှေး‌တူးဖော်မှု ပိုမိုများပြားလာနေပါသည်။ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့ မလိခမြစ်ရိုးတလျောက်ရှိ ကျေးရွာများဖြစ်သော အင်လွေယန်၊ ရှင်ဂန်ယန် ကျေး‌ရွား စသည့်ကျေးရွာများတွေ ရွှေး‌တူးဖော်မှု စက်ကြီးများဖြင့် အလွန်းအကျူး တူးဖော်နေပါသည်။ ပူတာအိုမြို့တွင် စစ်ကောင်စီ ခလရ ၄၆ တပ်ရင်း ‌အခြေချထားပြီး ၎င်းရွှေးတူး‌ဖော်သည့် ကျေးရွာများတွင် စစ်ကောင်စီ ခလရ-၁၃၇ နှင့် လောင်ပန် အာဒန် ပြည်သူ့စစ်နဲ့ ပူးပေါင်း၍ စက်ကြီးများဖြင့် နေ့စဉ်နေ့အမျှ မတရားရွှေးတူးဖော်မှု အလွန်းအကျူးတူးဖော်နေပါသည်။…

𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐃𝐚𝐲 𝐨𝐟 𝐀𝐜𝐭𝐢𝐨𝐧 𝐅𝐨𝐫 𝐑𝐢𝐯𝐞𝐫𝐬 𝐃𝐚𝐲

ကချင်ပြည်နယ်၊ မြစ်ကြီးနား၊  မြစ်ဆုံ (Mali  Nmai  Zup  Tanghpre) နေရာတွင် ဒေသခံများသည် 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐃𝐚𝐲 𝐨𝐟 𝐀𝐜𝐭𝐢𝐨𝐧 𝐅𝐨𝐫 𝐑𝐢𝐯𝐞𝐫𝐬 𝐃𝐚𝐲 အထိမ်းအမှတ်ပြုလုပ်ခဲ့ပါသည်။ March 14/ 2024 ဧရာဝတီကို ဒို့ချစ်သည်။ထာဝရစီးဆင်းပါစေ ဧရာဝတီ။မြစ်ချောင်းများတွင် စက်ယန္တရားဖြင့် ရွှေတူးဖော်မှု ရပ်ဆိုင်းရေး။ #KEG

မြေရှားသတ္တုနှင့် ပန်ဝါဒေသ

အရှေ့တောင်အာရှ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ နယ်မြေနိပ်ထိပ်စပ်နေသည့် (25.626785, 98.380339) ကချင်ပြည်နယ်ကို အထူးဒေသများ သတ်မှတ်ကာ ပြည်သူ့စစ်လက်နက်ကိုင်များ အုပ်ချုပ်မှုအောက်မှ ဖွဲ့စည်းထားသော ကုမ္မဏီဖြစ်သည့်   ဦးဇခုန်တိ့န်ယိန်း၏ သား ဦးယိန်ဆောင် ဦးဆောင်သည့် ဆန်လင်းကုမ္ပဏီနှင့် သခင်စစ်ကုမ္ပဏီလည်း အတူလက်တွဲ၍ တရုတ်နိုင်ငံခြားသားများနှင့်အတူ ကိုယ်ကျိုးစီးပွားရေးဖြင့် ၂၀၁၀ ခုနှစ်မှ စတင်၍  ကချင်ပြည်နယ်အတွင်း တရားမဝင်  မြေရှားသတ္တုတူးဖော်မှု အလွန်းအကျူး လုပ်ဆောင်လာခဲ့ပါသည်။ ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် (25.887547, 98.127160)၊ ပန်ဝါဒေသတွင် တရုတ်နိုင်ငံခြားသားများသည် တရားမဝင်ရောက်ရှိလာပြီး ပြည်သူ့စစ်၏ ထိန်းချုပ်မှုအောက်တွင် သဘာဝအရင်းအမြစ်များကို…

ဖားကန့်မြို့နယ်၊ မနမှော် ရေနွံကန်ပေါက်မှုကြောင့် လူပေါင်းမြောက်များစွာ သေဆုံးမှုအပေါ် ပူးတွဲ သဘောထားထုတ်ပြန်ချက်

ရက်စွဲ။ ။ (၁၂) ရက်နေ့ ၊ မတ်လ၊ ၂၀၂၄ ခုနှစ် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မနမှော်နေရာတွင် ၂၀၂၄ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့ မနက် ၄ နာရီခန့် အချိန်တွင် ရေနွံကန်ပေါက်မှုကြောင့် ကားများနှင့် စက်ကြီးများနှင့် အတူ လူပေါင်းမြောက်များစွာ သေဆုံးခဲ့သည်။ ၄င်းသေဆုံးခဲ့ရသည့် မိသားစုများနှင့် ထပ်တူဝမ်းနည်း ကြေကွဲမိပါသည်။ဤကဲ့သို့ ပြည်သူများ သေဆုံးရသည်မှာ ကုမ္ပဏီများ၏ စနစ်တကျ လုပ်ဆောင်မှု မရှိ၍ ရေနွံကန်ပေါက်ကွဲ၍ လူဦးရေးမြောက်များစွာ သေဆုံးနေရခြင်းဖြစ်ပါသည်။ ထိုကြောင့်…

Jade Land Myanmar Co.,Ltd. မြစ်ဆုံအနီး ရွှေးတူးဖော်ခြင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အထက် (25.712098, 97.502935) မြစ်ဆုံကမ်းတစ်လျှောက်တွင်  ရွှေးတူးဖော်မှုကို ဘာသာရေးအသင်‌တော်များနှင့် ပြည်သူလူထုများသည် လုံးဝသဘော မတူကြောင်း ဆန္ဒပြမှုခြင်းနှင့် စာဖြင့်ပေးပို့ခြင်း အကြိမ်ကြိမ် ကန့်ကွက်သော်လည်း ဦးယွပ်ဇော်ခေါင် (Yup Zau Hkawng)၏ သားများ ဦးဆောင်၍ နေ့စဉ်နေ့အမျှ ရွှေးတူးဖော်မှုအလွန်းအကျူးတူးဖော်နေပါသည်။ ဦးယွပ်ဇော်ခေါင်၏ ဒုတိယသားဖြစ်သူ  U Yup Sing Gawn Naw, ဇနီးဖြစ်သူသည် လက်ရှိ အာဏာသိမ်းစစ်ကောင်စီ ခန့်အပ်ထားသည့် (၂၀၂၁ မှ လက်ရှိအချိန်ထိ) ကချင်ပြည်နယ် ဝန်ကြီးချုပ် Hkyet Thing…