Kachin Environmental Group

မလိခမြစ် သဘာဝပျက်စီးမှု ရွှေဗရမ်းဗတာ တူးဖော်မှုကြောင့်

May 28, 2025 ကချင်ပြည်နယ်၊ မလိခမြစ်တစ်တစ်ကျော တည်ရှိသော တယန်ဇွပ် (Tiyang Zup) ကျေးရွာအနီး၌ ရွှေတူးဖော်ရေး လုပ်ငန်းများသည် ပိုမိုလုပ်ဆောင်လာပါသည်။ အဆိုပါ ရွှေတူးဖော်နေသည့် နေရာများတွင် မလိခမြစ်အတွင်းသို့ စက်ကြီးများဖြင့် ဆက်လက်တူးဖော်နေဆဲဖြစ်ပါသည်။ ရွှေဗရမ်းဗတာ တူးဖော်မှုကြောင့် မလိခမြစ်သည် ရွှံ့အရောင်ဖြစ်ပေါ်နေသည်ကို တယန်ဇွပ် (Tiyang Zup) ကျေးရွာမှ တွေ့ရှိရပါသည်။ ဤကဲ့သို့ မလိခမြစ်တွင် စက်ကြီးများဖြင့် ရွှေဗရမ်းဗတာ တူးဖော်မှုများ ဆောင်ရွက်နေခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု ဖြစ်ပေါ်နေသော်လည်း မည်သည့် ကုမ္ပဏီ သို့မဟုတ်…

ကချင်ပြည်နယ်ရှိ မေခမြစ်၌ ရေ အရောင်ပြောင်းလဲမှုတွေ့ရှိ

၂၀၂၅ ခုနှစ်၊ မေလ ၂၄ ရက်နေ့တွင် ကချင်ပြည်နယ်၊ ဧရာဝတီမြစ်ထဲသို့ ဆင်းဝင်သည့် မေခမြစ်အထက်ပိုင်း၌ မြစ်ရေအရောင်ပြောင်းနေသည်ကို တွေ့ရှိရသည်။ ထိုရေအရောင်ပြောင်းခြင်းသည် မည်သည့်အကြောင်းကြောင့် ဖြစ်ပေါ်သည်ကို မသိရှိရသေးပါ။မေခမြစ်သည် ခေါင်လန်ဖူးမြို့အထက်ပိုင်းမှ စတင်စီးဆင်းလာပြီး မေလိခမြစ်နှင့် ပေါင်းဆုံကာ မြစ်ကြီးနားမြို့ ဘက်သို့ ဆက်လက်စီးဆင်းသွားသော မြစ်ကြီးတစ်စင်းအဖြစ် ရှိသည်။ ရှမ်းကျော် (Shankyaw – 25.760631, 97.991562) ကျေးရွာနှင့် ရှငေါ် (Sha Ngaw – 25.652431, 97.878657) ကျေးရွာအနီးအနားတို့ တွင် အဆိုပါရေအရောင်ပြောင်းခြင်း ပိုမိုဖြစ်ပွားနေသည်ကိုလည်း…

စစ်ကောင်စီ၏ ခွင့်ပြုချက်ဖြင့် ကုမ္ပဏီ (၂၀) ကျော်သည် ဗလမင်းထင်တံတားအနီးတွင် ရွှေတူးဖော်နေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဗလမင်းထင်တံတားအနီး၌ အာဏာသိမ်း စစ်ကောင်စီ၏ ခွင့်ပြုဖြင့် ကုမ္ပဏီ (၂၀) ကျော်သည် စက်ယန္တရားများဖြင့် ရွှေတူးဖော်နေပါသည်။

ဧရာဝတီမြစ်တစ်လျှောက် တရားမဝင် ရွှေတူးဖော်မှု မြင့်တက်လာ

လက်ရှိတွင် ဧရာဝတီမြစ်ကမ်းတစ်လျှောက်၌ တရားမဝင်ရွှေတူးဖော်မှုများ ပိုမိုတိုးမြင့်လာပြီး သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံပြည်သူများအတွက် ပြင်းထန်သော ခြိမ်းခြောက်မှုအဖြစ် ဖြစ်ပေါ်နေပါသည်။ မြစ်ရေကို မှီခိုနေသူများသည် အခက်အခဲများ များပြားစွာ ကြုံတွေ့လာနေရသည်။ စည်းကမ်းမဲ့ရွှေတူးဖော်မှုလုပ်ငန်းများကြောင့် မြစ်ရေသည် အလွန်ညစ်ညမ်းလာပြီး ရွှံ့ရေဖြစ်လာနေပါသည်။ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းတွင် ကချင်ပြည်နယ်ရှိ မြစ်များနှင့် ချောင်းများ၌ ရွှေတူးဖော်လုပ်ငန်းများ ကျယ်ပြန့်လာ‌နေခြင်း ဖြစ်သည်။မြန်မာနိုင်ငံ၏ အရေးကြီးဆုံး သဘာဝသယံဇာတများထဲမှ တစ်ခုဖြစ်သည့် ဧရာဝတီမြစ်ကို ထိန်းသိမ်းကာကွယ်ရန်နှင့် ၎င်းအပေါ် မှီခိုနေသူများ၏ အသက်မွေးဝမ်းကြောင်းဆိုင်ရာ အခွင့်အရေးများကို ကာကွယ်ရန် ချက်ချင်းအရေးယူဆောင်ရွက်ရန် လိုအပ်နေပါသည်။

လယ်ယာမြေနေရာများကို ၁ ဧက သိန်း ၃၀၀ ကျပ်ဖြင့် ၀ယ်ယူ၍ ရွှေလုပ်ကွက်ကြီး လုပ်ဆောင်နေ

Kachin Environmental Group – KEG October 16/ 2024 ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ‌မချမ်းဘော့မြို့နယ်၊ ကောင်းမှုလုံကျေးရွာအနီး လယ်ယာမြေ‌ နေရာများကို ၁ ဧက၊ သိန်း ၃၀၀ ကျပ်ဖြင့် ၀ယ်ယူ၍ ရွှေတူး‌ဖော်မှု လုပ်ငန်းကြီး လုပ်ဆောင်နေသည့် မှတ်တမ်းဓာတ်ပုံများဖြစ်ပါသည်။

ဧရာဝတီမြစ်ကမ်းတစ်လျှောက် ရွှေတူးဖော်မှုပိုမိုများပြားလာ

၂၀၂၄ ခုနှစ် ဇွန်လမှ စတင်၍ ကချင်ပြည်နယ်၊ ဧရာဝတီမြစ်ကမ်းတစ်လျှောက် ရွှေတူးဖော်မှု ပိုမိုများပြားလာသည်ကို တွေ့ရှိရပါသည်။

မြစ်ကြီးမြို့၏ ဧရာတီမြစ်ရေ စိုးရိမ်အမှတ်ကျော်လွန်သောကြောင့် မြို့အတွင်း ရပ်ကွက်တစ်ချို့ ရေကြီး၊ ရေလျှံမှုများဖြစ်ပါ်နေ

ရေလွှမ်းမိုးမှုကြောင့် မြစ်ကြီးနားမြို့အတွင်းရှိ ရပ်ကွက်တစ်ချို့တွင် အရေးပေါ် အရေးပေါ်ကယ်ဆယ်‌ရေ အကူအညီများအပြင် ပြည်သူလူထုများ၏ အရေးပေါ် ဆေးဝါးများနှင့် အစာအသောက်များ  လိုအပ်နေပါသည်။

တန်ဖရဲပြည်သူလူထုများ၏ နယ်မြေများကို ရွှေတူးဖော်ရေး စီမံကိန်းစတင်လာ

မြစ်ကြီးနားမြို့နယ်၊ တန်ဖရဲကျေးရွာ ပြည်သူလူထုများ၏ နယ်မြေများကို ၂၀၂၄ ခုနှစ်၊ ဇွန်လမှ စတင်၍ အမည်မသိ ရွှေတူးဖော်နေသည့် အဖွဲ့မှ လုပ်ဆောင်လာနေပါသည်။

ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မြစ်ကြီးမြို့ရှိ ရပ်ကွက်အချို့ ပြောင်းရွှေ့‌တိမ်းရှောက်နေရ

Kachin Environmental Group Date: 30, May, 2024 ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အနီး ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မြစ်ကြီးနားမြို့အတွင်းရှိ ရပ်ကွက်အချို့ ရေဝင်ရောက်လာသဖြင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်နေရသည်။ ယခုအချိန်တွင် လယ်ကုန်းရပ်ကွက်၊ ရမ်ပူရပ်ကွက်နှင့် ကြက်ပေါင်ခြံရပ်ကွက်တို့တွင် မြစ်ရေဝင်ရောက်မှုကြောင့် ၄င်း‌ရပ်ကွက်များရှိ ပြည်သူလူထုများသည် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရပါသည်။ ထို့အပြင် ကချင်ပြည်နယ်၊ ချီဖွေမြို့ရှိ ဒေသအချို့တွင်လည်း ရေကြီးရေလျှံဖြစ်သောကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့တိမ်းရှောင်နေရသည်။