စစ်ကောင်စီ နိုင်ငံ၏အာဏာကို မတရား သိမ်းယူပြီးနောက် ကချင်ပြည်နယ်အတွင်း မတရား ရွှေးတူးဖော်မှု ပိုမိုများပြားလာနေပါသည်။ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့ မလိခမြစ်ရိုးတလျောက်ရှိ ကျေးရွာများဖြစ်သော အင်လွေယန်၊ ရှင်ဂန်ယန် ကျေးရွား စသည့်ကျေးရွာများတွေ ရွှေးတူးဖော်မှု စက်ကြီးများဖြင့် အလွန်းအကျူး တူးဖော်နေပါသည်။
ပူတာအိုမြို့တွင် စစ်ကောင်စီ ခလရ ၄၆ တပ်ရင်း အခြေချထားပြီး ၎င်းရွှေးတူးဖော်သည့် ကျေးရွာများတွင် စစ်ကောင်စီ ခလရ-၁၃၇ နှင့် လောင်ပန် အာဒန် ပြည်သူ့စစ်နဲ့ ပူးပေါင်း၍ စက်ကြီးများဖြင့် နေ့စဉ်နေ့အမျှ မတရားရွှေးတူးဖော်မှု အလွန်းအကျူးတူးဖော်နေပါသည်။
၎င်းရွှေးတူးဖော်သည့် ကျေးရွာများတွင် ရွှေးတူးဖော်မှု အလွန်းအကျူး တူးဖော်မှုကြောင့် သဘာ၀ရေ ပျက်စီးနေရခြင်း၊ ဒေသခံပြည်သူများ၏ နယ်မြေများ ပျက်စီးခြင်းနှင့် စသည့် ဒုက္ခများနဲ့ ပြည်သူလူထုများ ရင်ဆိုင်နေရပါသည်။





