Kachin Environmental Group

မလိခမြစ် သဘာဝပျက်စီးမှု ရွှေဗရမ်းဗတာ တူးဖော်မှုကြောင့်

May 28, 2025

ကချင်ပြည်နယ်၊ မလိခမြစ်တစ်တစ်ကျော တည်ရှိသော တယန်ဇွပ် (Tiyang Zup) ကျေးရွာအနီး၌ ရွှေတူးဖော်ရေး လုပ်ငန်းများသည် ပိုမိုလုပ်ဆောင်လာပါသည်။ အဆိုပါ ရွှေတူးဖော်နေသည့် နေရာများတွင် မလိခမြစ်အတွင်းသို့ စက်ကြီးများဖြင့် ဆက်လက်တူးဖော်နေဆဲဖြစ်ပါသည်။


ရွှေဗရမ်းဗတာ တူးဖော်မှုကြောင့် မလိခမြစ်သည် ရွှံ့အရောင်ဖြစ်ပေါ်နေသည်ကို တယန်ဇွပ် (Tiyang Zup) ကျေးရွာမှ တွေ့ရှိရပါသည်။ ဤကဲ့သို့ မလိခမြစ်တွင် စက်ကြီးများဖြင့် ရွှေဗရမ်းဗတာ တူးဖော်မှုများ ဆောင်ရွက်နေခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု ဖြစ်ပေါ်နေသော်လည်း မည်သည့် ကုမ္ပဏီ သို့မဟုတ် ပုဂ္ဂိုလ်များမှ တာဝန်ယူ ဆောင်ရွက်ခြင်း မသိရှိရသေးပါ။ ကချင်ပြည်နယ်အတွင်း ရွှေတူးဖော်မှုသည် ၂၀၂၄ ခုနှစ်ထက် ပိုမိုလုပ်ဆောင်လာပါသည်။

ကချင်ပြည်နယ်၊ မြို့ကြီးနားမြို့နှင့် ဝိုင်းမော်မြို့နယ်တို့ဆက်သွယ်ထားသည့် ဗလမင်းထင်သတားကြီးအောက်တွင် မတ်လမှစတင်၍ ရွှေတူးဖော်မှုကို ပိုမိုလုပ်ဆောင်လာခဲ့သည်။ ထိုနေရာတွင် ကချင်တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းအပါအဝင် ကုမ္ပဏီ (၂၀) ကျော်အား အာဏာသိမ်းစစ်ကောင်စီ၏ ခွင့်ပြုချက်ဖြင့် စက်ယန္တရားကြီးများ အသုံးပြုပြီး ရွှေတူးဖော်ခဲ့သည်။
၂၀၂၄ ခုနှစ် ဇွန်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ဇူလိုင်လတွင် မြစ်ကြီးနားနှင့် တယန်ဇွပ် (Tiyang Zup) ကျေးရွာသို့ ဆက်သွယ်သည့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ပြီး၊ ပျက်စီးမှုများ ဖြစ်ပွားခဲ့ပါသည်။