Kachin Environmental Group

မြစ်ကြီးမြို့၏ ဧရာတီမြစ်ရေ စိုးရိမ်အမှတ်ကျော်လွန်သောကြောင့် မြို့အတွင်း ရပ်ကွက်တစ်ချို့ ရေကြီး၊ ရေလျှံမှုများဖြစ်ပါ်နေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၏ ဧရာ၀တီမြစ်ရေ စိုးရိမ်ရေမှတ် ကျော်လွန်သောကြောင့် ၄င်းမြို့အတွင်းရှိ ရပ်ကွက်များဖြစ်သော စီတာပူရပ်ကွက်၊ ဇီးလွန်ရပ်ကွက်၊ ရမ်ပူရပ်ကွက်၊ လယ်ကုန်းရပ်ကွက်၊ ကြက်ပေါင်းခြံရပ်ကွက်နှင့် မြို့သစ်ကြီးရပ်ကွက် စသည့် ရပ်ကွက်များတွင် မြစ်ရေဝင်ရောက်နေပါသည်။

ရေလွှမ်းမိုးမှုကြောင့် မြစ်ကြီးနားမြို့အတွင်းရှိ ရပ်ကွက်တစ်ချို့တွင် အရေးပေါ် အရေးပေါ်ကယ်ဆယ်‌ရေ အကူအညီများအပြင် ပြည်သူလူထုများ၏ အရေးပေါ် ဆေးဝါးများနှင့် အစာအသောက်များ  လိုအပ်နေပါသည်။

ကချင်ပြည်နယ်အထက်ပိုင်းတွင်လည်း မိုးသည်းထန်စွာရွာနေသောကြောင့် ရေကြီး၊ ရေလျှံမှုများဖြစ်ပေါ်နေပါသည်။