Kachin Environmental Group

“အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်နေ့” အပေါ် သဘောထားထုတ်ပြန်ချက်

ယနေ့သည် အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်နေ့ (World Environment Day) ဖြစ်သည်။ (၂၁) ရာစုတွင် သဘာဝပတ်ဝန်းကျင်သည် အလွန်ဆိုးဝါးလာသော အခြေအနေသို့ ရောက်ရှိလာနေပါသည်။ သဘာဝပတ်ဝန်းကျင်  ကာကွယ်ထိန်းသိမ်းရေးမူဝါဒများ ထိရောက်မှု မရှိသောကြောင့် နေ့စဉ်ပတ်ဝန်းကျင်ပျက်စီးမှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိပါသည်။ ထို့ကြောင့် မိမိတို့နေထိုင်သော နယ်မြေများသည် သဘာဝဘေးအန္တရာယ်များ ခြိမ်းခြောက်မှုအောက်တွင် တည်ရှိလာနေပါသည်။
ကချင်ပြည်နယ်သည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမရှိခြင်းကြောင့် သစ်ထုတ်လုပ်ခြင်း၊သတ္တုမြေရှား တူးဖော်ခြင်း၊ ကျောက်စိမ်းနှင့် ရွှေ စသည့်သယံဇာတများကို အလွန်အကျွံ ပိုမိုလုပ်ဆောင်လာနေပါသည်။ သဘာဝဘေးအန္တရာယ်များဖြစ်သော ရေကြီးခြင်း၊ မြေပြိုခြင်း၊ ရာသီဥတုပြောင်းလဲမှုများနှင့် သစ်တောပျက်စီးမှုများကြောင့် ပြည်သူလူထု၏ အသက်ဆုံးရှုံးမှု၊ ထိခိုက်ဒဏ်ရာ ရရှိမှု၊ လူနေအိမ်နှင့် အများပြည်သူအဆောက်အအုံများ ပျက်စီးဆုံးရှုံးနေရပါသည်။ မိမိတို့ဒေသအား သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပေါ်လစီများ ကောင်းမွန်စွာချမှတ်ကျင့်သုံးခြင်းမရှိပါက အနာဂတ်နှစ်များအတွက် အလွန်စိုးရိမ်းရသည့် အခြေအနေရောက်ရှိမည် ဖြစ်ပါသည်။
ထို့ကြောင့် မိမိတို့နယ်မြေ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရန်နှင့် သဘာဝဘေးအန္တာရယ်မှ ကာကွယ်နိုင်ရန်အတွက်  ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့်အတူ ပြည်သူလူထုများအားလုံး ပူးပေါင်းဆောင်ရွက်ကြရန် “အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်နေ့”တွင် မိမိတို့အဖွဲ့အစည်းမှ သဘောထားထုတ်ပြန်လိုက်ပါသည်။