Skip to main content

Kachin Environmental Group

“အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်နေ့” အပေါ် သဘောထားထုတ်ပြန်ချက်

ယနေ့သည် အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်နေ့ (World Environment Day) ဖြစ်သည်။ (၂၁) ရာစုတွင် သဘာဝပတ်ဝန်းကျင်သည် အလွန်ဆိုးဝါးလာသော အခြေအနေသို့ ရောက်ရှိလာနေပါသည်။ သဘာဝပတ်ဝန်းကျင်  ကာကွယ်ထိန်းသိမ်းရေးမူဝါဒများ ထိရောက်မှု မရှိသောကြောင့် နေ့စဉ်ပတ်ဝန်းကျင်ပျက်စီးမှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိပါသည်။ ထို့ကြောင့် မိမိတို့နေထိုင်သော နယ်မြေများသည် သဘာဝဘေးအန္တရာယ်များ ခြိမ်းခြောက်မှုအောက်တွင် တည်ရှိလာနေပါသည်။ ကချင်ပြည်နယ်သည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမရှိခြင်းကြောင့် သစ်ထုတ်လုပ်ခြင်း၊သတ္တုမြေရှား တူးဖော်ခြင်း၊ ကျောက်စိမ်းနှင့် ရွှေ စသည့်သယံဇာတများကို အလွန်အကျွံ ပိုမိုလုပ်ဆောင်လာနေပါသည်။ သဘာဝဘေးအန္တရာယ်များဖြစ်သော ရေကြီးခြင်း၊ မြေပြိုခြင်း၊ ရာသီဥတုပြောင်းလဲမှုများနှင့် သစ်တောပျက်စီးမှုများကြောင့်…