Kachin Environmental Group

“အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်နေ့” အပေါ် သဘောထားထုတ်ပြန်ချက်

ယနေ့သည် အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်နေ့ (World Environment Day) ဖြစ်သည်။ (၂၁) ရာစုတွင် သဘာဝပတ်ဝန်းကျင်သည် အလွန်ဆိုးဝါးလာသော အခြေအနေသို့ ရောက်ရှိလာနေပါသည်။ သဘာဝပတ်ဝန်းကျင်  ကာကွယ်ထိန်းသိမ်းရေးမူဝါဒများ ထိရောက်မှု မရှိသောကြောင့် နေ့စဉ်ပတ်ဝန်းကျင်ပျက်စီးမှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိပါသည်။ ထို့ကြောင့် မိမိတို့နေထိုင်သော နယ်မြေများသည် သဘာဝဘေးအန္တရာယ်များ ခြိမ်းခြောက်မှုအောက်တွင် တည်ရှိလာနေပါသည်။ ကချင်ပြည်နယ်သည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမရှိခြင်းကြောင့် သစ်ထုတ်လုပ်ခြင်း၊သတ္တုမြေရှား တူးဖော်ခြင်း၊ ကျောက်စိမ်းနှင့် ရွှေ စသည့်သယံဇာတများကို အလွန်အကျွံ ပိုမိုလုပ်ဆောင်လာနေပါသည်။ သဘာဝဘေးအန္တရာယ်များဖြစ်သော ရေကြီးခြင်း၊ မြေပြိုခြင်း၊ ရာသီဥတုပြောင်းလဲမှုများနှင့် သစ်တောပျက်စီးမှုများကြောင့်…

မလိခမြစ် သဘာဝပျက်စီးမှု ရွှေဗရမ်းဗတာ တူးဖော်မှုကြောင့်

May 28, 2025 ကချင်ပြည်နယ်၊ မလိခမြစ်တစ်တစ်ကျော တည်ရှိသော တယန်ဇွပ် (Tiyang Zup) ကျေးရွာအနီး၌ ရွှေတူးဖော်ရေး လုပ်ငန်းများသည် ပိုမိုလုပ်ဆောင်လာပါသည်။ အဆိုပါ ရွှေတူးဖော်နေသည့် နေရာများတွင် မလိခမြစ်အတွင်းသို့ စက်ကြီးများဖြင့် ဆက်လက်တူးဖော်နေဆဲဖြစ်ပါသည်။ ရွှေဗရမ်းဗတာ တူးဖော်မှုကြောင့် မလိခမြစ်သည် ရွှံ့အရောင်ဖြစ်ပေါ်နေသည်ကို တယန်ဇွပ် (Tiyang Zup) ကျေးရွာမှ တွေ့ရှိရပါသည်။ ဤကဲ့သို့ မလိခမြစ်တွင် စက်ကြီးများဖြင့် ရွှေဗရမ်းဗတာ တူးဖော်မှုများ ဆောင်ရွက်နေခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု ဖြစ်ပေါ်နေသော်လည်း မည်သည့် ကုမ္ပဏီ သို့မဟုတ်…

ကချင်ပြည်နယ်ရှိ မေခမြစ်၌ ရေ အရောင်ပြောင်းလဲမှုတွေ့ရှိ

၂၀၂၅ ခုနှစ်၊ မေလ ၂၄ ရက်နေ့တွင် ကချင်ပြည်နယ်၊ ဧရာဝတီမြစ်ထဲသို့ ဆင်းဝင်သည့် မေခမြစ်အထက်ပိုင်း၌ မြစ်ရေအရောင်ပြောင်းနေသည်ကို တွေ့ရှိရသည်။ ထိုရေအရောင်ပြောင်းခြင်းသည် မည်သည့်အကြောင်းကြောင့် ဖြစ်ပေါ်သည်ကို မသိရှိရသေးပါ။မေခမြစ်သည် ခေါင်လန်ဖူးမြို့အထက်ပိုင်းမှ စတင်စီးဆင်းလာပြီး မေလိခမြစ်နှင့် ပေါင်းဆုံကာ မြစ်ကြီးနားမြို့ ဘက်သို့ ဆက်လက်စီးဆင်းသွားသော မြစ်ကြီးတစ်စင်းအဖြစ် ရှိသည်။ ရှမ်းကျော် (Shankyaw – 25.760631, 97.991562) ကျေးရွာနှင့် ရှငေါ် (Sha Ngaw – 25.652431, 97.878657) ကျေးရွာအနီးအနားတို့ တွင် အဆိုပါရေအရောင်ပြောင်းခြင်း ပိုမိုဖြစ်ပွားနေသည်ကိုလည်း…

စစ်ကောင်စီ၏ ခွင့်ပြုချက်ဖြင့် ကုမ္ပဏီ (၂၀) ကျော်သည် ဗလမင်းထင်တံတားအနီးတွင် ရွှေတူးဖော်နေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဗလမင်းထင်တံတားအနီး၌ အာဏာသိမ်း စစ်ကောင်စီ၏ ခွင့်ပြုဖြင့် ကုမ္ပဏီ (၂၀) ကျော်သည် စက်ယန္တရားများဖြင့် ရွှေတူးဖော်နေပါသည်။

“ကမ္ဘာမြေနေ့” သဘောထားထုတ်ပြန်ချက်

“ကမ္ဘာမြေနေ့” သဘောထားထုတ်ပြန်ချက်          ယနေ့ ဧပြီလ ၂၂ ရက်နေ့သည် (၅၅) ကြိမ်မြောက် ကမ္ဘာမြေနေ့ဖြစ်သည်။ ယနေ့ကျရောက်သည့် ကမ္ဘာမြေနေ့ကို ကျွန်ုပ်တို့အဖွဲ့အစည်း “Kachin Environment Group – KEG” မှ ဝမ်းမြောက်ဝမ်းသာစွာ ကြိုဆိုပါသည်။ လူသားတိုင်းသည် မိမိကမ္ဘာမြေကို သာယာလှပစေရန်၊ လွတ်လပ်စွာ ထိန်းသိမ်းခွင့်နှင့် ကာကွယ်ခွင့် အပြည်အဝရှိသည်ဟု ခံယူပါသည်။  မိမိတို့နိုင်ငံ၌ ကြောက်မက်ဖွယ် သဘာဝဘေးအန္တာရယ်များသည် နေ့စဉ်နေ့တိုင်း တွေ့ကြုံနေရသည်။ ထိုသဘာဝဘေးဒဏ်အန္တာရယ်များကြောင့် ပြည်သူများ သေဆုံးခြင်းနှင့် သဘာဝဘေးအာန္တာရယ်များ ဖြစ်ပေါ်နေသောကြောင့် ဝမ်းနည်းပူဆွေးကြရပါသည်။…

ဧရာဝတီမြစ်တစ်လျှောက် တရားမဝင် ရွှေတူးဖော်မှု မြင့်တက်လာ

လက်ရှိတွင် ဧရာဝတီမြစ်ကမ်းတစ်လျှောက်၌ တရားမဝင်ရွှေတူးဖော်မှုများ ပိုမိုတိုးမြင့်လာပြီး သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံပြည်သူများအတွက် ပြင်းထန်သော ခြိမ်းခြောက်မှုအဖြစ် ဖြစ်ပေါ်နေပါသည်။ မြစ်ရေကို မှီခိုနေသူများသည် အခက်အခဲများ များပြားစွာ ကြုံတွေ့လာနေရသည်။ စည်းကမ်းမဲ့ရွှေတူးဖော်မှုလုပ်ငန်းများကြောင့် မြစ်ရေသည် အလွန်ညစ်ညမ်းလာပြီး ရွှံ့ရေဖြစ်လာနေပါသည်။ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းတွင် ကချင်ပြည်နယ်ရှိ မြစ်များနှင့် ချောင်းများ၌ ရွှေတူးဖော်လုပ်ငန်းများ ကျယ်ပြန့်လာ‌နေခြင်း ဖြစ်သည်။မြန်မာနိုင်ငံ၏ အရေးကြီးဆုံး သဘာဝသယံဇာတများထဲမှ တစ်ခုဖြစ်သည့် ဧရာဝတီမြစ်ကို ထိန်းသိမ်းကာကွယ်ရန်နှင့် ၎င်းအပေါ် မှီခိုနေသူများ၏ အသက်မွေးဝမ်းကြောင်းဆိုင်ရာ အခွင့်အရေးများကို ကာကွယ်ရန် ချက်ချင်းအရေးယူဆောင်ရွက်ရန် လိုအပ်နေပါသည်။

လယ်ယာမြေနေရာများကို ၁ ဧက သိန်း ၃၀၀ ကျပ်ဖြင့် ၀ယ်ယူ၍ ရွှေလုပ်ကွက်ကြီး လုပ်ဆောင်နေ

Kachin Environmental Group – KEG October 16/ 2024 ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ‌မချမ်းဘော့မြို့နယ်၊ ကောင်းမှုလုံကျေးရွာအနီး လယ်ယာမြေ‌ နေရာများကို ၁ ဧက၊ သိန်း ၃၀၀ ကျပ်ဖြင့် ၀ယ်ယူ၍ ရွှေတူး‌ဖော်မှု လုပ်ငန်းကြီး လုပ်ဆောင်နေသည့် မှတ်တမ်းဓာတ်ပုံများဖြစ်ပါသည်။

ဧရာဝတီမြစ်ကမ်းတစ်လျှောက် ရွှေတူးဖော်မှုပိုမိုများပြားလာ

၂၀၂၄ ခုနှစ် ဇွန်လမှ စတင်၍ ကချင်ပြည်နယ်၊ ဧရာဝတီမြစ်ကမ်းတစ်လျှောက် ရွှေတူးဖော်မှု ပိုမိုများပြားလာသည်ကို တွေ့ရှိရပါသည်။

မြစ်ကြီးမြို့၏ ဧရာတီမြစ်ရေ စိုးရိမ်အမှတ်ကျော်လွန်သောကြောင့် မြို့အတွင်း ရပ်ကွက်တစ်ချို့ ရေကြီး၊ ရေလျှံမှုများဖြစ်ပါ်နေ

ရေလွှမ်းမိုးမှုကြောင့် မြစ်ကြီးနားမြို့အတွင်းရှိ ရပ်ကွက်တစ်ချို့တွင် အရေးပေါ် အရေးပေါ်ကယ်ဆယ်‌ရေ အကူအညီများအပြင် ပြည်သူလူထုများ၏ အရေးပေါ် ဆေးဝါးများနှင့် အစာအသောက်များ  လိုအပ်နေပါသည်။